Laptop Battery Report ကြည့်နည်း

 မိမိ Laptop Battery ဘယ်လောက်သွင်းလို့ရသလဲ ဘယ်လောက်ခံသေးလဲ Report ကြည့်နည်း

=====================================


➡️Ctrl+R နှိပ် Box ထဲမှာ Cmd လို့ရိုက်


➡️Cmd box ထဲမှာ

 Powercfg/batteryreport ရိုက်ထည့် enter ခေါက်ပါ။


➡️C:\battery-report.html" ဒီစာလေးမြင်ရင် copy ယူထားပါ။


➡️Ctrl+R နှိပ် copy ယူထားတာကို Paste ချပြီး Enter ခေါက်ပါ။


➡️ဒါဆို Battery report ကျလာရင် လုပ်ချင်သလိုတာ လုပ်တော့😁


ဖြေရှင်းချက်

===========


Design Capacity:


Factory မှ ထုတ်လုပ်လာတဲ့ အစမှတ်က battery capacity (mWh).


ဥပမာ - 50,000 mWh ဆိုပါဆို့


Full Charge Capacity:


လက်ရှိ battery အပြည့်သွင်းလို့ရတဲ့ actual capacity.


Battery အသက်ကြာလာတာနဲ့ အတူ သွင်းလို့ရမည့်စံနှုန်း ကျဆင်းလာမယ်


ဥပမာ - 40,000 mWh ပဲကျန်တော့တယ်ဆိုရင် (ယခင် 50,000 mWh ထဲက 20% လျော့သွားပြီ)သဘောပါ


Cycle Count:


Battery 0% - 100% တစ်ကြိမ်ပြည့်သွင်းပြီး ပြန်ကုန်တာကို 1 cycle လို့ခေါ်တယ်။


Laptop battery တွေမှာ 500-1000 cycles ဝန်းကျင်ကြာနိုင်တယ်။


Cycle count များလာတာနဲ့ battery degradation များလာမယ်။


Battery Health တွက်မယ်


Battery Health = (Full Charge Capacity ÷ Design Capacity) × 100


ဥပမာ


Design Capacity = 50,000 mWh


Full Charge Capacity = 40,000 mWh


Battery Health = (40,000 ÷ 50,000) × 100 = 80%


သင့် Battery Health 80% ဆိုရင် သေးသေးလေးပျက်လာတယ်။ 60% အောက်ကျရင် battery နစ်နာမှုများတယ်။


Battery Health သက်တမ်းပိုကြာအောင် ဘာလုပ်လဲ?


✔ Battery ကို 100% ထိမသွင်းပါနဲ့။ 80% မှာနားပါ။

✔ 0% အထိ မချေပါနဲ့။ 20% ရောက်ရင် အားသွင်းပါ။

✔ Laptop ကို အပူပြင်းတဲ့နေရာတွေမှာ မထားပါနဲ့။

✔ Charger ချိတ်ပြီး သုံးတာကို အမြဲမလုပ်ပါနဲ့။





Desa Bal

Comments