Windows 11 မှာ “No Internet Connection
Windows 11 မှာ “No Internet Connection” လို့ပြတယ်ဆိုရင် အောက်ပါအဆင့်တွေနဲ့ စမ်းကြည့်ပါ
======================================
1. Wi-Fi Connected but No Internet
Wi-Fi ချိတ်သွားပေမဲ့ အင်တာနက်မရတဲ့အခြေအနေဖြစ်နိုင်ပါတယ်။
အခြား Device တွေ (ဖုန်း၊ tablet) မှာ Wi-Fi ချိတ်ပြီးအင်တာနက် ရလား စမ်းကြည့်ပါ။
ရတယ်ဆိုရင် PC ပြဿနာဖြစ်ပါတယ်။
မရဘူးဆိုရင် Router/ISP ပြဿနာဖြစ်နိုင်ပါတယ်။
2. Network Troubleshooter အသုံးပြုပါ။
Start Menu > Settings > Network & Internet > အောက်ဆုံးမှာ Advanced network settings > Network troubleshooter ကိုနှိပ်ပါ။
Windows က ပြဿနာရှာဖွေပြီး အလိုအလျောက်ပြုပြင်ပေးနိုင်ပါတယ်။
3. Wi-Fi Adapter ကို Restart လုပ်ပါ။
1. Device Manager ကိုဖွင့်ပါ (Start menu မှာ ရိုက်ရှာနိုင်တယ်)
2. Network adapters > မိမိ Wi-Fi adapter (ဥပမာ: Intel Wireless...) ကို Right click > Disable device
3. ပြန်ပြီး Enable device လုပ်ပါ။
4. IP Address Reset (Command Prompt နဲ့)
Start Menu > cmd ရိုက်ပြီး Command Prompt ကို Admin အဖြစ်ဖွင့်ပါ။ ပြီးရင် အောက်ပါ command 4 ခုကို တစ်ခုခြင်းစီရိုက်ပြီး Enter နှိပ်ပါ။
netsh winsock reset
netsh int ip reset
ipconfig /release
ipconfig /renew
ပြီးတာနဲ့ ipconfig /flushdns လည်း ရိုက်ပါ။
ပြီးရင် computer ကို restart လုပ်ပါ။
5. DNS ကို Google DNS သို့ပြောင်းပါ။
1. Settings > Network & Internet > Wi-Fi > Network you’re connected to > Hardware properties
2. “DNS server assignment” မှာ Edit ကိုနှိပ်ပြီး Manual ရွေးပါ။
3. IPv4 ကို ON လုပ်ပြီး
Preferred DNS: 8.8.8.8
Alternate DNS: 8.8.4.4
4. Save လုပ်ပြီး Connection ကိုပြန်စမ်းကြည့်ပါ။
Desa Bal

Comments
Post a Comment